Wednesday, June 18, 2008

အပုတ်ချဆေးကြေငြာ

ကဲ ကြေငြာ ၀င်ချင်လို့ ပါ။ အခုတစ်လော နာမည်ကြီးနေတဲ့ အပုတ်ချဆေး အကြောင်းကိုပေါ့။
အရင်က ဦးသူရ ပြောခဲ့ဘူးတဲ့ ပျက်လုံးတစ်ခု ကို ပြန်ပြောပါစေ "အပုတ်ချဆေး လိုချင်ရင် သတင်းစာ မီးရှို့ သောက်လိုက်တဲ့" ကျမကတော့ ပြောချင်တယ် အပုတ်ချဆေး ကို ကြည့်ချင်တယ် ဆိုရင် တော့ www.1001burmese.blogspot.com ကိုသာ ဖွင့်ကြည့် လိုက်ပါ။ အဲဒီအပုတ်ချဆေး အရှိန်ကြောင့် " စင်ကာပူ၊ အော်စီ၊ လန်ဒနအမေရိကား (အပုတ်ချသူတို့ အခေါ်အရ ဆို အမေကြီး ကားပေါ့ သူတို့ အမေက အမြဲ အဲလို လုပ်ပြနေလို့ ဘဲ မှားခေါ်မိတာ နေမှာပါ) တို့မှာလဲ ပုတ်စော်များ နံနေ လောက်ပါပြီ။

ကြေငြာ ဆိုတော့ အဲဒီ ကြေငြာတဲ့ ဘလောခ်နဲ့ သက်ဆိုင်တာလေး တွေဘဲ ပြောမယ်နော်။ဆက်စက်နေတဲ့နာမည်ကြီးဘလောခ်ဂါတစ်ယောက်လဲ ပြောမယ်ပြီးရင် ဘာကြောင့်လဲဆိုတာ စဉ်းစားပေတော့။
ဒါက သူတို့ေ၇းထားတဲ့ ဘလောခ်ဦးတည်ချက်ထဲက တစ်ချက်ပါ။
" မြန်မာ ဘလောခ်ကာ များ အကြားအပြုံးများ တည်မြဲေ၇း"
သူတို့ရဲ့ ဦးတည်ချက်နဲ့ ကိုက်ညီ အောင်ကို လုပ်ဆောင်ချက်တွေက ထိမိလွန်းလှပါတယ်။
ဘာကြောင့်လဲ ဆိုတော့ သူတို့ ဘလောခ် ကပို့စ်အေ၇းအသားတိုင်းမှာ ဘုန်းကြီးကျောင်းသားဆိုပြီး ဂုဏ်ယူ ၀ံ့ကြွားစွာနဲ့ ဂုဏ်ပကာသန တွေကို ဘေးဖယ် ခြုံထားတဲ့အရေကို ခွာပြီး မိမိ ကိုယ်ကိုယ် နှိမ့်ချ ပြီးပြောထား ပါတယ်။ ဒါပေမယ့် ဘုန်းကြီး ကျောင်းသား တစ်ယောက်က ဗုဒ္ဒနဲ့ ဗုဒ္ဓ ကို မှန်အောင် စာလုံး မပေါင်းနိုင်တဲ့အတွက် ဘလောခ်ကာ များ အကြား များ အပြုံး များ တည်မြဲသွားစေပါတယ်။

ဦးတည်ချက်နဲ့ ဘယ်လောက်ကိုက်ညီတယ် ဆိုတာ ကျမ လက်ခံသွားတယ်။ ဒါက သူတို့ေ၇းထားတဲ့ စာလုံးပေါင်း ခင်ဗျားတို့ လက်တွေ့ ဖတ်ရအောင် အမြည်းပေါ့။
ငါတို့ နိုင်ငံသားတွေဟာလက်စသတ်တော့
အရိုင်းအစိုင်း တွေကိုး
ဘဝင်မြင့်မှုမျိုးစုံနေကြတာကိုး
ဗုဒ္ဒကယ်ပါဘုရား
ဝေးဝေးကဘဲနေပါတော့မယ်
ကြောက်ပါတယ်။(သူတို့ဖော်ပြချက်နော်)
ကျမ ဒါလေး ကို ဖော်ပြပေးရတာက လည်း သူတို့ ရဲ့ ဘလောခ် ဦးတည်ချက်ထဲက နောက်တစ်ချက် ဖြစ်တဲ့ ဘလောခ်ကာ များ အမှားကိုမြင် အမှန်ပြင်စေေ၇း ဆိုတဲ့အချက်ကြောင့် ပြောပြလိုက်တာပါ။

သူတို့ရေးထားတဲ့ပိုစ် မှာ ဖော်ပြ ချက်အရ ဆိုရင် they do and They does ကို မှားသုံးစွဲလို့ ဆိုပြီး ဘုန်းကြီးက ငှက်မွေးနဲ့ခြေဖ၀ါး ကို ပွတ်ပြီး ဒဏ်ပေးတဲ့အခါမှာ ရယ်ချင်တဲ့အခါတိုင်း they do ပါ ဘုရား they do ပါ ဘုရား ဆိုပြီး ဒဏ်ပေးခံခဲ့ရသတဲ့။ အဲဒီ ဘုန်း ဘုန်း သာ ရှိနေသေးမယ် သူတို့ေ၇းတဲ့စာတွေကို ဖတ်မိမယ်ဆိုရင် နောက်ထပ်တစ်ကြိမ် ဒဏ်ပေးမည် ကို တွေးပြီး ပြုံးမိပါသေးသည်။

ဘုန်းကြီးတပည့်လုပ်နေပြီး ဗုဒ္ဓနဲ့ ဗုဒ္ဒကိုမှားရလေမလားဆိုပြီးဒဏ်ပေ
းပုံလေးကို ပြောပြပါက ဘလောခ်ကာ အများ ကြား အပြုံး များ ဆက်လက်တည်မြဲနေမည်မှာ သေချာပါသည်။(လူထုဆန္ဒခံယူပွဲထက်မှာ နအဖ နိုင်မှာကိုသေချာတွက်လို့၇သလိုပေါ့)။

ဒုတိယ သတိပြုမိသည့်အချက်မှာ
"ငါပြောပြမယ် … ဒီလို ကွ … နားထောင်.. ပုံပြင်တွေက ဆက်စပ်မှုရှိတယ်ကွ။ ဘယ် သူနဲ့  ဘယ်လို အမျိုးတော်တယ်ဆိုတာ ကိုယ့်ဟာကိုယ် စပ်ဆက်ကြည့်ပေတော့" ဒီစာပိုဒ်ကို အပုတ်မချခင် ပထမဦးဆုံးပို့စ်မှာ ကြေငြာခဲ့သောအချက်ပင်ဖြစ်သည်။ အမေကြီးကန်ကို လင်တော်ထားတဲ့ဒေါ်မေဖားမား အကြောင်းကို ဖော်ပြစဉ်က လှချဉ်ဇလီတင့်ရဲ့အဒေါ်ဟုဖော်ပြခဲ့ဖူးသည်။

လှချဉ်ဇလီတင့်နဲ့ ဒေါ်မေဖားမားရဲ့ ဆပ်စပ်မှုကို အပုတ်ချဆေးအားပေးသူ ပရိတ်သတ်များ သိပြီးဖြစ်လောက်သည်။ဒေါ်မေဖားမား ၏ ကိုယ့်လူမျိုးကို ပြောဆိုပုံများေ၇းသားပုံများ အမေရိကန်ကို အထင်ကြီးပုံ များကို ဖတ်ပြီးသောအခါ အပုတ်ချသူတို့ ပြောတာနဲတောင် နဲသေးတယ်ဟု ကောက်ချက်ချ မိပါသည်။ ထို့ကဲ့သို့သော ဖားမား များအား ပြောသင့်သည် ဝေဖန်သင့်သည်။ ယဉ်ကျေးမှုကို ပါစပ်က မချဘဲေ၇းသားထားသော သူမအရေးအသားများနှင့် ဒေါ်မေဖားမား ၀တ်ပုံစားပုံကို တွေ့မြင်ရသောအခါ "ခွေးပါစပ်က နတ်စကားထွက်သည်"ဟု မှတ်ချက်ချခဲ့ဖူးသည်။

တတိယ အချက်ကတော့ ကိုရန်အောင်ကို သမ ထားသော အချက်ကို လေ့လာသုံးသပ်ကြည့်သောအခါ (အပုတ်ချသူတို့ နာမည်တပ် ပြောထားသောကြောင့် ပြောရခြင်းဖြစ်ပါသည်။) ကိုရန်အောင်ကို နအဖ ဘက်မှ လူ သို့မဟုတ် စပိုင်ဟု သံသယ ရှိသောကြောင့် ဆော်သည်ဟု ခိုင်လုံသော သတင်း ရက်ကွက် မှ ပြောကြား သွားပါသည်။ (အပုတ်ချသူတို့နှင့် ရင်းနှီးသော သူတစ်ယောက်မှ ပြောသွားပါသည။်)

နောက်တစ်ချက်ကတော့ မိုးကျ ပြန်မလာ ၀က်ဝံလေး ကိုတော့ ဘာကြောင့် ဆော်သည်ကို ကျမ ကောင်းကောင်း ရိပ်မိပါသည်။ လူတိုင်းလဲသိမည်ဟု ယူဆခဲ့ပါသည်။ အိမ်အမှတ်၁၆ မှ သူမ ဘက်မှ လိုက်ပြောသည်ဟု ယူဆကာ အိမ် အမှတ်၁၆ မှအိမ်သူကြီး တီးကို လဲ သမထား ပါသည်။

ကိုစိုးထက် ကိုတော့ ပထမ တုန်းကတော့ နာဂစ် အလှူခံခြင်းနှင့် ဆက်စပ်ပြီး အော်စီေ၇ာက် ဘလောခ်ဂါ ကလေး တစ်ယောက် အဖေ (ဂုဏ်ပုတ်တွေ ရှိသေးသည် ဘေးလူကို အားနာပြီး ထည့်မထားပေးပါ ခင်ဗျားတို့လို ယုတ်မာ ပြီးမကောက်ကျစ်အပုတ် မချ ချင်သောကြောင့်ပင်) က ပတ်ပတ် စက်စက် အရှက်ခွဲ ထားပါသည်။ ထို့သို့အရှက်ခွဲပြီးသော အခါ နောက်တစ်ယောက်က ထပ်မံပြီး ဖြည့်စွက် လိုက်ပါသည် ဘယ်သူ့ သမတ်မို့ ကျွနိုပ်တို့က ဆော်တာဟု ဆိုတာ ထပ်မံ အရှက်ခွဲထားသည်ကို တွေ့ရပါသည်။ ခင်ဗျားတို့လဲ နအဖ ဆီက ပညာတော်သင် ဆုလေး ရအောင်လုပ်လေ။ သမတ်တော်ရအောင် လုပ်လေ။ေ၇ှနေကို ၇အောင်ယူလေ မိန်းမနဲ့ ကလေး ကို အော်စီကိုေ၇ာက်အောင်ခေါ်လေ။ အရည်ချင်းရှိရင်ပေါ့။ သားသမီးချင်း ကိုယ်ချင်စာစမ်းပါ မွေးထားတာ သမီး မိန်းကလေး ။ မိခင်နဲ့ ကင်းကွာနေတဲ့ ခင်ဗျားသမီးကို သူများအရှက်ခွဲခံရ၇င် ခင်ဗျားစီဘောက်မှာ ပျော်ပျော်ကြီး အောင်ပွဲ ခံနိုင်ပါ့မလား တွေးကြည့်လိုက်စမ်းပါ။ တော်ပြီးကျုပ် ဒီမှာဘဲရပ်လိုက်တော့မယ် ခင်ဗျား ကြီး ကို ကိုယ်ချင်စာတရားနဲ့ တွေးတတ်အောင် ပြောပြနေတာ ဒီလောက်ပါဘဲ။ ကျမ ကိုယ်တိုင်လဲ မိန်းကလေး တစ်ယောက်ဖြစ်နေတဲ့ အမိ နဲ့ အကြာကြီး ခွဲခွာပြီးမှ ဖခင်ရင်ခွင်က မိခင်ရင်ခွင်လောက် မိခင်အုပ်ထိန်းမှု အောက်လောက် မလုံခြုံနိုင်ဘူး ဆိုပြီး အထက်တန်းပြီးမှာ မိခင်နဲ့အတူနေခဲ့ရတဲ့ သမီးတစ်ယောာက် အနေနဲ့ ကိုယ်ချင်းစာ ပေးနိုင်ပါတယ်။

ဒီတစ်ချက်ကတော့ တစ်ထောင့်တစ်ညရဲ့ ဦးတည်ချက်ကိုကော်ပီကူးပြီးဘဲပြောပါရစေ။
ဘလော့ဦးတည်ချက်(၄)ရပ်
မြန်မာဘလော့ကာများကြား အပြုံးများ တည်မြဲရေး ။
မြန်မာဘလော့ကာများ အမှားကိုမြင် အမှန်ပြင်စေရေး ။
မြန်မာဘလော့ကာများ အကြွားများလျှော့ ပကတိအတိုင်း ပြောတတ်စေရေး ။
မြန်မာဘလော့ကာများ ဝေဖန်ရေးကြား အေးချမ်းသာယာရေး ။
အဲဒီဦးတည်ချက်တွေနဲ့ ခင်ဗျားတို့ ကိုးကွယ်တဲ့ဘလောခ်ကာကြီးညီညွတ်ရဲ့လားဆိုတာ သူ့ဘလောခ်ကို အစအဆုံးသာဖတ်ကြည့်ပေတော့။

လိုအပ်ရင် ဒုတိယပိုင်း ဆက်လက်ရေးသားပါမည်။ အခုတော့ အလုပ်ကိစ္စတွေရှိသေးလို့
အပုတ်ချဆေး ကြေငြာများအား ဒီမှာဘဲတစ်ထောင့် နားလိုက်ပါတယ်။ (ထိသူနာပြီး မဟုတ်သူများ အကဲခက်ကြပေလော့) မိုးချုပ်တဲ့အထိ နေမ၀င်သေးသောကြောင့် ကျွန်ုပ်ခြေရာများ မပျောက်ကွယ် သေးပါ။

ဘလောခ်ဂါများ အေးချမ်းသာယာစွေစောင်း အပုတ်ချခြင်းမှ ကင်းဝေးကြပါစေ။
မည်သူ၏စာလုံးပေါင်းကိုမှ မဝေဖန်ပါ ကျမ ကိုယ်တိုင်လဲ စာလုံးပေါင်းမှားတတ်ပါသည်။
မေသူပိုင်

No comments: